သံယောဇဉ် စာစုများ

Wednesday, March 13, 2013

ရှေးရေစက်

                                       ရှေးရေစက်

       နာမည်ကျော် ဂျာမန်ဂီတ ဆရာကြီး မင်ဒဲလ်ဇွန်၏ အဘိုးဖြစ်သူ မိုးဇက်မင်ဒဲလ်ဇွန်းသည် အလွန်  အရုပ်ဆိုး အကျည်းတန်သူ တစ်ယောက်ဖြစ်သည်။လူကအရပ်ပုပြီး ကျောမှာ ဘုကြီး တစ်ဘုရှိကာ   ခါးကုန်းနေသည်။
     တစ်နေ့တွင်ဟမ်းဘတ်မြို့ရှိကုန်သည်ကြီးတစ်ဦးထံသူအလည် ရောက်သွားလေသည်။ထိုကုန်သည် ကြီးထံ တွင် ဖရွမ်တီယဲ အမည်ရှိ သမီးချောတစ်ယောက်ရှိလေသည်။ထို မိန်းမချောလေးကိုမြင်တော့    မိုးဇက် အရူး အမူး ချစ်မိသွားလေသည်။သို့သော်လည်း မိန်းမချောလေး ဖရွမ်တီယဲ အဖို့ တော့မိုးဇက် ၏ ရုပ်သွင်ကို မြင်ရ သည်ကပင် အော်ဂလီ ဆန်ချင်စရာကောင်းလွန်းနေပေသည်။
      မည်သို့ပင်ဖြစ်စေ ခွဲခွာခါနီး အချိန် တွင် မိုးဇက်တစ်ယောက် အားတင်း ကာ အပေါ်ထပ်ရှိ သူမ   အခန်းဆီသို့သွားကာစကားပြောရန်ကြိုးစားလေသည်။မိန်းမချောလေးဖရွန်တီး၏ရုပ်သွင်က  ကောင်းကင်ဘုံမှ နတ်မိမယ်တစ်ပါးလားလှပလွန်းနေသည်။သို့သော်သူ့အားမျက်လွှာကလေးတစ်ချက်မျှပင်ပင့်မကြည့်ချေ... .နောက်ဆုံးတော့ မိုးဇက်တစ်ယောက်ရှက်ရွံ စွာပင်စကားတစ်ခွန်းပြောလိုက်သည်။
  "အိမ်ထောင်ဖက်ဆိုတာ ကောင်းကင်ဘုံက ရွေးချယ် ပေးတဲ့အတိုင်းဖြစ်ရတယ်ဆိုတာမင်းယုံသလား" ဟု သူမေးတော့..." ယုံပါတယ် ရှင်ကော"   တဲ့သူမက ခေါင်းငုံ လျှက်ပင် ပြန်မေးလေသည်။..                     "ကိုယ်လဲသိပ်ယုံကြည်တာပေါ့"ဟုသူကဆိုသည်။"ဒီမှာကိုယ်ပြောပြမယ် ကောင်းကင်ဘုံမှာ ယောက်ျာလေးတစ်ယောက် လူ့ပြည်ကို မွေးဖွားရောက်ရှိတော့မယ့်အခါတိုင်း ကောင်းကင်ဘုံက သူနဲ့လက်ဆက်ရမယ့်မိန်းကလေးလို့ကြေငြာပေးလေ့ရှိတယ်ကိုယ်မွေးဖွားလာပြီး ကိုနဲ့လက်ဆက်ရမယ့် မိန်းကလေးကိုပြပြီ ဖန်ဆင်းရှင်ကပြောတယ်" "မင်းလက်ဆက်ရမယ့်မိန်းကလေးကတော့ကျောမှာ ဘုတစ်ခုနဲ့ ခါးကုန်းမလေးဖြစ်နေရှာတယ်"တဲ့၊ အဲ့ဒီတော့ ကိုကပြောလိုက်တယ်..."မိန်းကလေး တစ်ယောက်အတွက် ကျောမှာ ဘုနဲ့ ခါးကုန်းမလေးဖြစ်နေမယ်ဆိုရင်သိပ်ကိုကြေကွဲ ၀မ်းနည်းရာပါ၊ဒါကြောင့်မို့ ဖြစ်နိုင်မယ်ဆိုရင် အဲ့ဒါတွေကိုကျွန်တော်မျိုးနဲ့ထည့်ပေးလိုက်ပါ၊သူ့ကိုတော့အချောမောဆုံးမိန်းကလေးတစ်ယောက် အဖြစ်ဖန်ဆင်  ပေးလိုက်ပါ လို့ ကိုက ပန်ကြားခဲ့တယ်" ..အဲ့လိုမိုးဇက်က ကရားရေလွှတ်ပြောလိုက်ပြီးတဲ့ အချိန်မှာ မိန်းမချေားလေးဖရွန်တီယဲ ကမျက်လွှာကလေးပင့်ကြည့်သည်။မိုးဇက်၏ရုပ်သွင် ကိုပြန်လည် အမှတ်ရလာသလိုမြင်ယောင်လာသည်။မိုးဇက်ထံ သူမ၏လက်အစုံကို ဆန့်တန်းပေးလိုက်သည်။ထို့နောက်တွင်မူ ခင်ပွန်းသည်အား လွန်စွာချစ်ခင် စုံမက်သည့် ထာဝရ ကြသ်ဖက်ဖြစ်သွားခဲ့လေသည်။
ဆရာ ဖေမြင့်ရေးတဲ့ နှလုံးသားအဟာရ  စာစုများထဲက တစ်ပုဒ်ဖြစ်ပါတယ် ....
[မူရင်း။   ။Barry and Joyce Vissell တို့၏ True Love ]            

 

No comments:

Post a Comment