ဒီရေသမီး...
ဒီချောင်းမှာနေ ဒီရေမှာသူကြီး။
ပီပေသည် ဒီရေသမီး ၊ ချောင်းကောက်ကွေ့ ခရီး။
ဒီတက် ချိန် တန် ၊ မဆန်ဟု သူမငြင်း။
ဗေဒါဆွေ ဒီရေဦးမှာ ၊ မြုးတက်လေခြင်း။
ဒီတက်ချိန်ကုန် ၊ မစုန်ဟု သူမငြင်း။
ဗေဒါဆွေ ဒီရေကျမှာ ၊လှတက်လေခြင်း။
မတွေ့ချင် မမြင်ချင် ၊ မ၀င်ချင်သော်လည်း...
ဝင်လိုက်တယ် မယ်မလွှဲ ၊ချောင်း ဒီဆိုင်ဝဲ။
မကွဲချင် မကွာချင် ၊ မခွာချင်သော်လည်း။
ခွာလိုက်တယ်မယ်မစွဲ ၊ချောင်းရေဆိပ်တဲ။
ဆန်သူလည်း မဗေဒါ။
စုန်လိုက် သူဆိုလျှင် လည်း ၊ သင်းပဲဗေဒါ။
အဆန်ရဲ အမြဲသာ ၊ စုန်ချိန်ခါ စုန်သည်ချည်း၊
ပီပေသည် ဒီရေ သမီး ၊ ချောင်းကောက်ကွေ့ခရီး။
ဝင်သူလည်း မဗေဒါ။
ခွာလိုက် သူဆိုလျှင်လည်း ၊ သင်းပဲဗေဒါ။
အ၀င်ရဲ အမြဲ သာ၊အစဉ်ခွာ သည်ချည်း။
ပီပေသည် ဒီရေသမီး ၊ ချောင်းကောက်ကွေ့ခရီး.........
(၁၉၆၉ ခုနှစ် အောက်တိုဘာလ ထုတ် အမှတ်(၁၁၂) ငွေတာရီ မဂ္ဂဇင်း မှာ ဖော်ပြထားသော ဆရာဇော်ဂျီ ၏ ကဗျာလေးတစ်ပုဒ်ပါ...)....
ဒီကဗျာလေးကို ဖတ်လိုက်ရတော့....အခုခေတ်မှာ ကြားဖူးလာတဲ့ စကားလေးတစ်ခုကိုသွားသတိရမိတယ်...လုပ်ချင်တာမလုပ်ရတာထက် လုပ်ချင်တာလုပ်ရတာပျော်ဖို့ကောင်းတယ် လုပ်ချင်ရာကိုလုပ်ရတာထက် လုပ်နေတာကိုစိတ်ပါတာကပိုပျော်ဖို့ကောင်းတယ်..တဲ့...ဆရာဇော်ဂျီ ရဲ့ ကဗျာ လေးကိုဖတ်ကြည့်မိတော့ အားမာန်တစ်ခုကိုသွားတွေ့ရတယ်ဗျာ....ဖြစ်ချင်ရာဖြစ်နေတဲ့ဘ၀ကိုရဲရဲ ရင်ဆိုင်နေတဲ့ ကဗျာ ဇာတ်ကောင်မဗေဒါ ဆိုတဲ့ ဗေဒါပင်ကလေးကိုလည်းမြင်ယောင်လာမိတယ်ဗျာ....
No comments:
Post a Comment